ဒိုတာတူးစကြာဝဠာကြီး (The Dota 2 universe)


ဒိုတာတူးစကြာဝဠာကြီးကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် နေရာကြီး (၇) ခု ရှိတယ်ဗျ။ ဒီနေရာ (၇) ခုမှာလဲ တခုချင်းဆီမှာ ထူးထူးခြားခြား ဝိသေသတွေ ရှိပါသည်။ ရုပ်ဒြပ်ရှိတဲ့ အရာတွေ၊ သတ္တဝါတွေဟာ ဒီနေရာကို ဖြတ်သန်းသွားလာမယ်ဆိုရင် အလွန်ပြင်းထန်တဲ့ ပွတ်အားကြောင့် သူတို့ရဲ့ အစိုင်အခဲ၊ ခန္ဓာကိုယ်ဟာ လောင်ကျွမ်းသွားမှာပါ။ ပိုပြီးထူးခြားတာက ဝိညာဉ်တွေဟာလလဲ ဒီနေရာ (၇) ခုကြားမှာ ပျောက်ဆုံးသွားရင် သတ္ထုတွေအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
ဆိုတော့ ဒိုတာတူးစကြာဝဠာကြီးထဲမှာ နေရာတခုကနေ တခုကို ခရီးသွားခြင်းဟာ အလွန်အန္တရာယ်မှ များပါတယ်ခင်ဗျ၊ ဒါ့အပြင် မမြင်ရတဲ့ အမှောင်ထုထဲမှာလဲ သတ္တဝါဆိုးကြီးတွေ ရှိနိုင်ပါသေးတယ်။

လူသားတွေ အနေနဲ့  ဂြိုလ်ကမ္ဘာကြီး (၇) ခုထဲက (၄) ခုကိုပဲ နာမည်တပ်နိုင်ပါသေးတယ်။ ကျန်တဲ့ (၃) ခုက ရှိမှန်းတော့ သိတယ်။ လေ့လာနေဆဲကာလဖြစ်လို့ ခေါင်းစဉ်မတပ်နိုင်ဘူး ဖြစ်နေပါသေးတယ်ခင်ဗျ

Terrene Plane
ဒီနေရာကိုတော့ လူသိများကြပါတယ်၊ ဘာလို့လဲဆိုတော့ ရုပ်ဒြပ်ရှိတဲ့ သက်ရှိတွေ၊ အရာဝတ္ထုတွေ ဖြစ်တည်နေတဲ့ ဂြိုလ်ကမ္ဘာကြီးမို့လို့ပါပဲ။ Terrene Plane မှာ တိုက်ပွဲပေါင်းများစွာ ဖြစ်ခဲ့တယ်ဗျ။ သူရဲကောင်းတွေ မွေးဖွားခဲ့တယ်၊ သူရဲကောင်းတွေ သွေးမြေခခဲ့တယ်။ သမိုင်းကြောင်းကတော့ မျိုးစုံပါပဲ။ အခုထိလဲ တိုက်ပွဲတွေ ဖြစ်ပွားနေတုန်းပါခင်ဗျ

Astral Plane
အလွန်ထူးခြားတဲ့ နေရာတခုပါ။ ထူးဆန်းတဲ့ စိမ်းပြာရောင် တွင်းထွက်သတ္ထုတွေ ရှိပါတယ်ဗျ။ ဒီတွင်းထွက်တွေနဲ့ သွန်းလောင်းထားတဲ့ လက်နက်တွေဟာ အလွန်အစွမ်းထက်ပြီး ဝိညာဉ်များကို ခေါ်ယူနိုင်တယ်လို့ ဆိုပါတယ်။ Elder Titan ရဲ့ spell တခုဖြစ်တဲ့ Astral Spirit ဟာဆိုရင် Elder Titan က Astral Plane မှာရှိတဲ့ သူ့ဝိညာဉ်ကို ခေါ်ပြီး ရန်သူတွေကို ထိန်းချုပ် တိုက်ခိုက်ခိုင်းနိုင်ပါတယ်ခင်ဗျ။

Primordial Plane
ရုပ်ဒြပ်ရှိတဲ့ လူသားတွေ သေဆုံးသွားရင် ဝိညာဉ်အဖြစ် ဒီနေရာကို ပြန်သွားလေ့ရှိတယ်လို့ ရှေးဟောင်းကျမ်းစာတခုက ဆိုပါတယ်။

Fundamental Plane
ဒီနေရာက သက်ရှိတွေကိုတော့ Fundamentals လို့ ခေါ်ပါတယ်။ စကြာဝဠာကြီး စဖြစ်ကတည်းက အလင်းရဲ့ ဖြစ်တည်မှုနဲ့အတူ တည်ရှိလာတဲ့ မူလဘူတ နေရာဖြစ်တဲ့အတွက် အဲဒီက လာတဲ့ ဟီးရိုးတွေဟာ သိပ်အစွမ်းထက်ပါတယ်။ ဒြပ်ရှိ ဂြိုလ်ကမ္ဘာဖြစ်တဲ့ Terrene Plane ပေါ်မှာ ရှိတဲ့ ရုပ်ဒြပ်ကန့်သတ်ချက်တွေကို ကျော်ပြီး သူတို့က အစွမ်းရှိပါတယ်။ စွမ်းအင်တွေကို အသုံးချပြီး သိပ်ကြမ်းတဲ့ spell တွေကို အသုံးချနိုင်တဲ့ ဆိုပါတယ်။

ဥပမာ - Io ဆိုရင် အပေါင်းလက္ခဏာဆောင်တဲ့ စွမ်းအင်နဲ့ အနှုတ်လက္ခဏာဆောင်တဲ့ စွမ်းအင်တို့ကို ပေါင်းစည်းနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ဒိုတာတူးစကြာဝဠာကြီးထဲက နေရာ (၇) ခု စလုံးမှာ ဖြစ်တည်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ပစ္စုပ္ပန်နဲ့ အနာဂတ်ကြားထဲမှာ အချိန်ကို စိတ်ကြိုက်တခု သတ်မှတ်ပြီး ကူးသန်းနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်ခင်ဗျ။

Chaos Knight ဆိုရင်လဲ အမှောင်စွမ်းအင်ရဲ့ စွမ်းပကားတွေနဲ့အတူ ဖြစ်တည်လာတဲ့ ဟီးရိုးဖြစ်တဲ့အတွက် တခြားနေရာတွေက သူ့ရုပ်နာမ်တွေကို ခေါ်ယူနိုင်စွမ်းရှိပါတယ်ခင်ဗျ

Keeper of the Light ဆိုရင် အလင်းစွမ်းအင်နဲ့ ဖြစ်တည်လာတဲ့ ဟီးရိုးပါ။ အလင်းစွမ်းအင်ကို အသုံးချပြီး ရန်သူတွေကို တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။

Enigma လို့ပြောလိုက်ရင် မြေဆွဲအားကို ပိုင်ပိုင်နိုင်နိုင် ဆင့်ခေါ်နိုင်စွမ်းရှိတဲ့ ဟီးရိုးပါ။

ဒီလေးနေရာထိပဲ လူတွေ သိကြပါသေးတယ်။

Elemental Plane 
Elemental Plane လို့ ယေဘုယျခေါ်နေကြတဲ့နေရာကတော့ Spirit Breaker မွေးဖွားလာခဲ့တဲ့နေရာပါ။ ဘယ်သူမှ သေချာမသိကြသေးပါဘူး။

Foulfell
ဒီလျှို့ဝှက်နေရာကိုတော့ အကျဉ်းထောင် (prison plane) လို့ တခါတလေ ခေါ်ကြပါတယ်။ သိပ်ကိုရမ်းကားတဲ့ Demon နတ်ဆိုးတွေကို အကျဉ်းချထားတဲ့ နေရာလို့လဲ အကြမ်းဖျင်း ပြောလို့ ရပါတယ်ခင်ဗျ။ Demon နတ်ဆိုးတွေ ထွက်ပြေးလွတ်မြောက်မသွားအောင် မှော်အစွမ်းနဲ့ စီမံထားတဲ့ အနက်ရောင် သလင်းကျောက် မှန်ချပ်ပေါင်းများစွာ တပ်ဆင်ထားပါတယ်။ ဒီမှန်တွေရဲ့ ဂုဏ်သတ္တိကြောင့် နတ်ဆိုးတွေဟာ မလွတ်မြောက်နိုင်တော့ပါဘူး။ ကိုယ့်ပုံရိပ်က ကိုယ့်ကို ပြန်ခြောက်နေတဲ့ ငရဲဟာ ငရဲတကာ့ငရဲထဲမှာ အဆိုးဆုံး ငရဲလို့ ဆိုပါတယ်။ ဒီ foulfell ထဲက လွတ်မြောက်သွားတဲ့ နတ်ဆိုးတကောင်တော့ ရှိပါတယ်။ သူကတော့ Terrorblade ပါပဲ။

Spectre's Plane
ဒီနေရာကိုတော့ နာမည် မပေးရသေးပါဘူး။ သိပ်ကို ကြောက်ဖို့ကောင်းတဲ့ ခရမ်းပြာရောင် စွမ်းအင်တွေ ထွက်နေတဲ့ နေရာလို့ဆိုပါတယ်။ Mercurial / Spectre ရဲ့ မွေးဖွားရာ နေရာလို့ ဆိုကြပါတယ်။

Min Thu Aung (Dodozz)

[Zawgyi Font]

ဒိုတာတူးစၾကာဝဠာႀကီးကို ခြဲျခမ္းစိတ္ျဖာၾကည့္ရင္ ေနရာႀကီး (၇) ခု ရွိတယ္ဗ်။ ဒီေနရာ (၇) ခုမွာလဲ တခုခ်င္းဆီမွာ ထူးထူးျခားျခား ဝိေသသေတြ ရွိပါသည္။ ႐ုပ္ျဒပ္ရွိတဲ့ အရာေတြ၊ သတၱဝါေတြဟာ ဒီေနရာကို ျဖတ္သန္းသြားလာမယ္ဆိုရင္ အလြန္ျပင္းထန္တဲ့ ပြတ္အားေၾကာင့္ သူတို႔ရဲ့ အစိုင္အခဲ၊ ခႏၶာကိုယ္ဟာ ေလာင္ကၽြမ္းသြားမွာပါ။ ပိုၿပီးထူးျခားတာက ဝိညာဥ္ေတြဟာလလဲ ဒီေနရာ (၇) ခုၾကားမွာ ေပ်ာက္ဆုံးသြားရင္ သတၳဳေတြအျဖစ္ ေျပာင္းလဲသြားမွာ ျဖစ္ပါတယ္။

ဆိုေတာ့ ဒိုတာတူးစၾကာဝဠာႀကီးထဲမွာ ေနရာတခုကေန တခုကို ခရီးသြားျခင္းဟာ အလြန္အႏၲရာယ္မွ မ်ားပါတယ္ခင္ဗ်၊ ဒါ့အျပင္ မျမင္ရတဲ့ အေမွာင္ထုထဲမွာလဲ သတၱဝါဆိုးႀကီးေတြ ရွိနိုင္ပါေသးတယ္။

လူသားေတြ အေနနဲ႔  ၿဂိဳလ္ကမၻာႀကီး (၇) ခုထဲက (၄) ခုကိုပဲ နာမည္တပ္နိုင္ပါေသးတယ္။ က်န္တဲ့ (၃) ခုက ရွိမွန္းေတာ့ သိတယ္။ ေလ့လာေနဆဲကာလျဖစ္လို႔ ေခါင္းစဥ္မတပ္နိုင္ဘူး ျဖစ္ေနပါေသးတယ္ခင္ဗ်

Terrene Plane
ဒီေနရာကိုေတာ့ လူသိမ်ားၾကပါတယ္၊ ဘာလို႔လဲဆိုေတာ့ ႐ုပ္ျဒပ္ရွိတဲ့ သက္ရွိေတြ၊ အရာဝတၳဳေတြ ျဖစ္တည္ေနတဲ့ ၿဂိဳလ္ကမၻာႀကီးမို႔လို႔ပါပဲ။ Terrene Plane မွာ တိုက္ပြဲေပါင္းမ်ားစြာ ျဖစ္ခဲ့တယ္ဗ်။ သူရဲေကာင္းေတြ ေမြးဖြားခဲ့တယ္၊ သူရဲေကာင္းေတြ ေသြးေျမခခဲ့တယ္။ သမိုင္းေၾကာင္းကေတာ့ မ်ိဳးစုံပါပဲ။ အခုထိလဲ တိုက္ပြဲေတြ ျဖစ္ပြားေနတုန္းပါခင္ဗ်

Astral Plane
အလြန္ထူးျခားတဲ့ ေနရာတခုပါ။ ထူးဆန္းတဲ့ စိမ္းျပာေရာင္ တြင္းထြက္သတၳဳေတြ ရွိပါတယ္ဗ်။ ဒီတြင္းထြက္ေတြနဲ႔ သြန္းေလာင္းထားတဲ့ လက္နက္ေတြဟာ အလြန္အစြမ္းထက္ၿပီး ဝိညာဥ္မ်ားကို ေခၚယူနိုင္တယ္လို႔ ဆိုပါတယ္။ Elder Titan ရဲ့ spell တခုျဖစ္တဲ့ Astral Spirit ဟာဆိုရင္ Elder Titan က Astral Plane မွာရွိတဲ့ သူ႔ဝိညာဥ္ကို ေခၚၿပီး ရန္သူေတြကို ထိန္းခ်ဳပ္ တိုက္ခိုက္ခိုင္းနိုင္ပါတယ္ခင္ဗ်။

Primordial Plane
႐ုပ္ျဒပ္ရွိတဲ့ လူသားေတြ ေသဆုံးသြားရင္ ဝိညာဥ္အျဖစ္ ဒီေနရာကို ျပန္သြားေလ့ရွိတယ္လို႔ ေရွးေဟာင္းက်မ္းစာတခုက ဆိုပါတယ္။

Fundamental Plane
ဒီေနရာက သက္ရွိေတြကိုေတာ့ Fundamentals လို႔ ေခၚပါတယ္။ စၾကာဝဠာႀကီး စျဖစ္ကတည္းက အလင္းရဲ့ ျဖစ္တည္မႈနဲ႔အတူ တည္ရွိလာတဲ့ မူလဘူတ ေနရာျဖစ္တဲ့အတြက္ အဲဒီက လာတဲ့ ဟီးရိုးေတြဟာ သိပ္အစြမ္းထက္ပါတယ္။ ျဒပ္ရွိ ၿဂိဳလ္ကမၻာျဖစ္တဲ့ Terrene Plane ေပၚမွာ ရွိတဲ့ ႐ုပ္ျဒပ္ကန႔္သတ္ခ်က္ေတြကို ေက်ာ္ၿပီး သူတို႔က အစြမ္းရွိပါတယ္။ စြမ္းအင္ေတြကို အသုံးခ်ၿပီး သိပ္ၾကမ္းတဲ့ spell ေတြကို အသုံးခ်နိုင္တဲ့ ဆိုပါတယ္။

ဥပမာ - Io ဆိုရင္ အေပါင္းလကၡဏာေဆာင္တဲ့ စြမ္းအင္နဲ႔ အႏႈတ္လကၡဏာေဆာင္တဲ့ စြမ္းအင္တို႔ကို ေပါင္းစည္းနိုင္စြမ္းရွိပါတယ္။ ဒါ့အျပင္ ဒိုတာတူးစၾကာဝဠာႀကီးထဲက ေနရာ (၇) ခု စလုံးမွာ ျဖစ္တည္နိုင္စြမ္းရွိပါတယ္။ ဒါ့အျပင္ ပစၥဳပၸန္နဲ႔ အနာဂတ္ၾကားထဲမွာ အခ်ိန္ကို စိတ္ႀကိဳက္တခု သတ္မွတ္ၿပီး ကူးသန္းနိုင္စြမ္းရွိတယ္လို႔ ဆိုပါတယ္ခင္ဗ်။

Chaos Knight ဆိုရင္လဲ အေမွာင္စြမ္းအင္ရဲ့ စြမ္းပကားေတြနဲ႔အတူ ျဖစ္တည္လာတဲ့ ဟီးရိုးျဖစ္တဲ့အတြက္ တျခားေနရာေတြက သူ႔႐ုပ္နာမ္ေတြကို ေခၚယူနိုင္စြမ္းရွိပါတယ္ခင္ဗ်

Keeper of the Light ဆိုရင္ အလင္းစြမ္းအင္နဲ႔ ျဖစ္တည္လာတဲ့ ဟီးရိုးပါ။ အလင္းစြမ္းအင္ကို အသုံးခ်ၿပီး ရန္သူေတြကို တိုက္ခိုက္နိုင္စြမ္းရွိပါတယ္။

Enigma လို႔ေျပာလိုက္ရင္ ေျမဆြဲအားကို ပိုင္ပိုင္နိုင္နိုင္ ဆင့္ေခၚနိုင္စြမ္းရွိတဲ့ ဟီးရိုးပါ။

ဒီေလးေနရာထိပဲ လူေတြ သိၾကပါေသးတယ္။

Elemental Plane 
Elemental Plane လို႔ ေယဘုယ်ေခၚေနၾကတဲ့ေနရာကေတာ့ Spirit Breaker ေမြးဖြားလာခဲ့တဲ့ေနရာပါ။ ဘယ္သူမွ ေသခ်ာမသိၾကေသးပါဘူး။

Foulfell
ဒီလၽွို႔ဝွက္ေနရာကိုေတာ့ အက်ဥ္းေထာင္ (prison plane) လို႔ တခါတေလ ေခၚၾကပါတယ္။ သိပ္ကိုရမ္းကားတဲ့ Demon နတ္ဆိုးေတြကို အက်ဥ္းခ်ထားတဲ့ ေနရာလို႔လဲ အၾကမ္းဖ်င္း ေျပာလို႔ ရပါတယ္ခင္ဗ်။ Demon နတ္ဆိုးေတြ ထြက္ေျပးလြတ္ေျမာက္မသြားေအာင္ ေမွာ္အစြမ္းနဲ႔ စီမံထားတဲ့ အနက္ေရာင္ သလင္းေက်ာက္ မွန္ခ်ပ္ေပါင္းမ်ားစြာ တပ္ဆင္ထားပါတယ္။ ဒီမွန္ေတြရဲ့ ဂုဏ္သတၱိေၾကာင့္ နတ္ဆိုးေတြဟာ မလြတ္ေျမာက္နိုင္ေတာ့ပါဘူး။ ကိုယ့္ပုံရိပ္က ကိုယ့္ကို ျပန္ေျခာက္ေနတဲ့ ငရဲဟာ ငရဲတကာ့ငရဲထဲမွာ အဆိုးဆုံး ငရဲလို႔ ဆိုပါတယ္။ ဒီ foulfell ထဲက လြတ္ေျမာက္သြားတဲ့ နတ္ဆိုးတေကာင္ေတာ့ ရွိပါတယ္။ သူကေတာ့ Terrorblade ပါပဲ။

Spectre's Plane
ဒီေနရာကိုေတာ့ နာမည္ မေပးရေသးပါဘူး။ သိပ္ကို ေၾကာက္ဖို႔ေကာင္းတဲ့ ခရမ္းျပာေရာင္ စြမ္းအင္ေတြ ထြက္ေနတဲ့ ေနရာလို႔ဆိုပါတယ္။ Mercurial / Spectre ရဲ့ ေမြးဖြားရာ ေနရာလို႔ ဆိုၾကပါတယ္။

Min Thu Aung (Dodozz)

Comments

  1. Once the dolly is placed on a number, players can not add or remove any cheques or chips from the desk till all bets have been paid. The vendor will remove the dolly once as} payouts are complete and announce that bets are now are|are actually} open. A new sport begins and players are allowed to remove their winnings and place wagers for the upcoming spin. In a casino, players who win at roulette are merely having a fortunate day. There are some strategies which can help decrease your losses, but winning numbers are at all times random. By knowing about odds and guidelines, players might be at a slight advantage once they place 1xbet their bets.

    ReplyDelete

Post a Comment