ပရိုမဖြစ်တော့ဘူးဆိုတာ သေချာနေရင် ဘာဆက်လုပ်ကြမလဲ?


ပရိုမဖြစ်တော့ဘူးဆိုတာ သေချာနေရင် ဘာဆက်လုပ်ကြမလဲ?

ဂိမ်းတခုကို ကစားကြတဲ့အခါ ကျနော်တို့ဟာ ပရိုဖြစ်ဖို့ ကြိုးစားကြပါတယ်၊ ကျော်ကြားမှု၊ ဆုကြေး စတဲ့ ရှေ့က ဖြစ်ပြီးသား ပရိုတွေရဲ့ အောင်မြင်မှုကို အားကျသလို သူတို့လိုလဲ ကစားတတ်ချင်ကြပါတယ်၊ သူတို့ ဘယ်လို ကစားသလဲ၊ သူတို့ ဘယ်လို လေ့ကျင့်ကြသလဲ ကျနော်တို့ လေ့လာပြီး အတုယူ လိုက်ဆော့ကြပါတယ်ခင်ဗျ။


ဒါပေမယ့် အချိန်တခုပေးပြီး အသေအကြေ ဆော့ပြီးတဲ့အချိန်မှာ ကျနော်တို့ဟာ ပရိုအဆင့်ကို ရောက်မလာပါဘူး။ လူတိုင်းမှာ ကန့်သတ်ချက်ဆိုတာ ရှိပါတယ်။ လက်နှေးတယ်၊ မြန်တယ်။ ဆုံးဖြတ်ချက် မြန်တယ်၊ နှေးတယ် စသဖြင့် တဦးနဲ့ တဦး ကန့်သတ်ချက် မတူကြပါဘူး။ ၃-၄ နှစ်ဆော့ပြီးတဲ့နောက်မှာ အဖြေဟာ ရှင်းရှင်းလေး ထွက်လာပြီးသားပါ။ ကိုယ့်ဟာကိုယ် ပရိုဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား သိပါတယ်။

ရှိပြီးသား Data တွေအရ နှစ်တိုင်း ဂိမ်းကစားသူ အရေအတွက် သိသိသာသာ တိုးလာတာပေမယ့် ပရိုဖြစ်နိုင်မယ့် အရေအတွက်ဟာ 0.0002% ပဲ ရှိပါတယ်။ အယောက် ၁၀၀၀၀ မှာ ၂ ယောက်လောက်ပဲ ပရိုဖြစ်နိုင်ပါတယ်။ ခက်ပါတယ်။

ပရိုမဖြစ်နိုင်ဘူးဆိုတာ သိပြီးတဲ့နောက်မှာ ဘာဆက်လုပ်ကြမလဲ?
ပထမဆုံး ပြောချင်တာက ပရိုမဖြစ်တာက ရှက်ဖို့ မကောင်းပါဘူး၊ ကြိတ်မှိတ်ပြီး ပရိုဖြစ်ဖို့ ကြိုးစားဟန်ဆောင်နေတာက ရှက်ဖို့ကောင်းတာပါ။ ပရိုတွေနဲ့ အတူ တဆိုင်ထဲဆော့တိုင်း ပရို မဖြစ်လာပါဘူး။ ဒေါင်းယောင်ဆောာင်တဲ့ ကျီးပါ။ Rank များတိုင်း သူများကို နှိမ်တာလဲ ကောင်းတဲ့ အကျင့်မဟုတ်ပါဘူး။ အဲလို သူများကို နှိမ်တဲ့ကောင်တွေကို ကြည့်လိုက်ရင် ယောင်ခြောက်ဆယ် အောက်ခြေလွတ်တွေ များပါတယ်ခင်ဗျ။ ဆိုတော့

အရှိအတိုင်း ကိုယ်ဟာ့ကိုယ် ပြန်သုံးသပ်ပါ။ 
တချို့ဂိမ်းတွေဟာ ကိုယ်နဲ့ မသင့်တော်ပါဘူး။ ဘယ်လိုမှ မဖြစ်ထွန်းပါဘူး။ မယုံမရှိပါနဲ့။ ကိုယ်နဲ့ သင့်တော်မယ့် ဂိမ်းကို ရွေးပါ။ ဆက်ကြိုးစားကြည့်ပါ။

ဒါမှ မဖြစ်ထွန်းဘူးဆိုရင်

ငွေရှာဖို့ ကြိုးစားပါ။ 
ပရိုမဖြစ်တော့ရင် ကိုယ်ဆော့နေတဲ့ ဂိမ်းနဲ့ ငွေရှာဖို့ ကြိုးစားသင့်ပါတယ်။ အခုခေတ်က အရင်ကလို မဟုတ်တော့ပါဘူး။ အင်တာနက် ကောင်းလာတော့ Streamer လုပ်မလား၊ ဂိမ်းအကြောင်း Video content တွေ လုပ်မလား၊ စာရေးမလား၊ ဈေးရောင်းမလား စသဖြင့် ကြိုးစားဖို့ အခွင့်အလမ်း ရှိပါတယ်။ တချို့ဂိမ်းတွေမှာ ငွေရှာလို့ ရတဲ့ အခွင့်အရေး ရှိပါတယ်။ ဥပမာ - WoW ထဲမှာ gold ရှာပြီး ပြန်ရောင်းစားကြသလိုမျိုးပေါ့ဗျာ။

၂၀၁၉ လဲ ကုန်ပါတော့မယ်။ ကိုယ့်ဟာကိုယ် ပြန်သုံးသပ်ပြီး လာမယ့် ၂၀၂၀ မှာ စိန်ခေါ်မှုများကို အောင်မြင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျ

Min Thu Aung (Dodozz)

Photo Credit : gstudioimagen

[Zawgyi font]
ပရိုမျဖစ္ေတာ့ဘူးဆိုတာ ေသခ်ာေနရင္ ဘာဆက္လုပ္ၾကမလဲ?

ဂိမ္းတခုကို ကစားၾကတဲ့အခါ က်ေနာ္တို႔ဟာ ပရိုျဖစ္ဖို႔ ႀကိဳးစားၾကပါတယ္၊ ေက်ာ္ၾကားမႈ၊ ဆုေၾကး စတဲ့ ေရွ႕က ျဖစ္ၿပီးသား ပရိုေတြရဲ့ ေအာင္ျမင္မႈကို အားက်သလို သူတို႔လိုလဲ ကစားတတ္ခ်င္ၾကပါတယ္၊ သူတို႔ ဘယ္လို ကစားသလဲ၊ သူတို႔ ဘယ္လို ေလ့က်င့္ၾကသလဲ က်ေနာ္တို႔ ေလ့လာၿပီး အတုယူ လိုက္ေဆာ့ၾကပါတယ္ခင္ဗ်။

ဒါေပမယ့္ အခ်ိန္တခုေပးၿပီး အေသအေၾက ေဆာ့ၿပီးတဲ့အခ်ိန္မွာ က်ေနာ္တို႔ဟာ ပရိုအဆင့္ကို ေရာက္မလာပါဘူး။ လူတိုင္းမွာ ကန႔္သတ္ခ်က္ဆိုတာ ရွိပါတယ္။ လက္ေႏွးတယ္၊ ျမန္တယ္။ ဆုံးျဖတ္ခ်က္ ျမန္တယ္၊ ေႏွးတယ္ စသျဖင့္ တဦးနဲ႔ တဦး ကန႔္သတ္ခ်က္ မတူၾကပါဘူး။ ၃-၄ ႏွစ္ေဆာ့ၿပီးတဲ့ေနာက္မွာ အေျဖဟာ ရွင္းရွင္းေလး ထြက္လာၿပီးသားပါ။ ကိုယ့္ဟာကိုယ္ ပရိုျဖစ္နိုင္သလား၊ မျဖစ္နိုင္ဘူးလား သိပါတယ္။

ရွိၿပီးသား Data ေတြအရ ႏွစ္တိုင္း ဂိမ္းကစားသူ အေရအတြက္ သိသိသာသာ တိုးလာတာေပမယ့္ ပရိုျဖစ္နိုင္မယ့္ အေရအတြက္ဟာ 0.0002% ပဲ ရွိပါတယ္။ အေယာက္ ၁၀၀၀၀ မွာ ၂ ေယာက္ေလာက္ပဲ ပရိုျဖစ္နိုင္ပါတယ္။ ခက္ပါတယ္။

ပရိုမျဖစ္နိုင္ဘူးဆိုတာ သိၿပီးတဲ့ေနာက္မွာ ဘာဆက္လုပ္ၾကမလဲ?

ပထမဆုံး ေျပာခ်င္တာက ပရိုမျဖစ္တာက ရွက္ဖို႔ မေကာင္းပါဘူး၊ ႀကိတ္မွိတ္ၿပီး ပရိုျဖစ္ဖို႔ ႀကိဳးစားဟန္ေဆာင္ေနတာက ရွက္ဖို႔ေကာင္းတာပါ။ ပရိုေတြနဲ႔ အတူ တဆိုင္ထဲေဆာ့တိုင္း ပရို မျဖစ္လာပါဘူး။ ေဒါင္းေယာင္ေဆာာင္တဲ့ က်ီးပါ။ Rank မ်ားတိုင္း သူမ်ားကို ႏွိမ္တာလဲ ေကာင္းတဲ့ အက်င့္မဟုတ္ပါဘူး။ အဲလို သူမ်ားကို ႏွိမ္တဲ့ေကာင္ေတြကို ၾကည့္လိုက္ရင္ ေယာင္ေျခာက္ဆယ္ ေအာက္ေျခလြတ္ေတြ မ်ားပါတယ္ခင္ဗ်။ ဆိုေတာ့

အရွိအတိုင္း ကိုယ္ဟာ့ကိုယ္ ျပန္သုံးသပ္ပါ။ 
တခ်ိဳ႕ဂိမ္းေတြဟာ ကိုယ္နဲ႔ မသင့္ေတာ္ပါဘူး။ ဘယ္လိုမွ မျဖစ္ထြန္းပါဘူး။ မယုံမရွိပါနဲ႔။ ကိုယ္နဲ႔ သင့္ေတာ္မယ့္ ဂိမ္းကို ေရြးပါ။ ဆက္ႀကိဳးစားၾကည့္ပါ။

ဒါမွ မျဖစ္ထြန္းဘူးဆိုရင္

ေငြရွာဖို႔ ႀကိဳးစားပါ။ 
ပရိုမျဖစ္ေတာ့ရင္ ကိုယ္ေဆာ့ေနတဲ့ ဂိမ္းနဲ႔ ေငြရွာဖို႔ ႀကိဳးစားသင့္ပါတယ္။ အခုေခတ္က အရင္ကလို မဟုတ္ေတာ့ပါဘူး။ အင္တာနက္ ေကာင္းလာေတာ့ Streamer လုပ္မလား၊ ဂိမ္းအေၾကာင္း Video content ေတြ လုပ္မလား၊ စာေရးမလား၊ ေဈးေရာင္းမလား စသျဖင့္ ႀကိဳးစားဖို႔ အခြင့္အလမ္း ရွိပါတယ္။ တခ်ိဳ႕ဂိမ္းေတြမွာ ေငြရွာလို႔ ရတဲ့ အခြင့္အေရး ရွိပါတယ္။ ဥပမာ - WoW ထဲမွာ gold ရွာၿပီး ျပန္ေရာင္းစားၾကသလိုမ်ိဳးေပါ့ဗ်ာ။

၂၀၁၉ လဲ ကုန္ပါေတာ့မယ္။ ကိုယ့္ဟာကိုယ္ ျပန္သုံးသပ္ၿပီး လာမယ့္ ၂၀၂၀ မွာ စိန္ေခၚမႈမ်ားကို ေအာင္ျမင္ၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔သအပ္ပါတယ္ခင္ဗ်

Min Thu Aung (Dodozz)

Photo Credit : gstudioimagen

Comments