Wold of Warcraft (Blizzard) ထဲမှာ အလွယ်ဆုံးနည်းဖြင့် Gold ရှာခြင်း


Wold of Warcraft (Blizzard) ထဲမှာ အလွယ်ဆုံးနည်းဖြင့် Gold ဘယ်လိုရှာမလဲ?
Wold of Warcraft (Blizzard) ထဲမှာ Gold ရှာတဲ့အခါ အလွယ်ဆုံးနည်းကို ပြောပါဆိုရင် Dungeon and Raid ထဲမှာ အကောင်တွေ သတ်၊ Boss တွေ သတ်ပြီး Gold ရှာနည်းပါပဲ။



ဘယ် Dungeon and Raid တွေကို သွားသင့်သလဲ?
လက်ရှိ BFA မှာက maximum level က 120 ပါ၊ Draenor ထဲက Raid တွေကို ရွေးသင့်ပါတယ်။ Draenor Raid Boss တွေက level 101 တွေပါ။ ကိုယ်က level 120 ဆိုတော့ အေးဆေးပဲ။ ရိုက်သတ်ရုံပါပဲ။

Draenor Raid တွေကို ဘယ်လိုသွားရမလဲ?
Garrison Hearthstone သုံးပြီး Garrison အိမ်ကို ပြန်ပါ။
Seer Kazal NPC ဆီမှာ Raid Join ရုံပါပဲ။ ၃ စက္ကန့်ပဲ စောင့်ရပါတယ်။ တွေ့သမျှအကုန်သတ်ပါ။ မြေပုံအနှံ့ လျှောက်သွားစရာ မလိုပါဘူး။ တခါ join ပြီး တွေ့သမျှ အကုန်သတ်၊ ရှိတဲ့ boss 2-3 ကောင်သတ်၊ Teleport Out Dungeon နဲ့ ပြန်ထွက်လာ၊ နောက် raid တခု ထပ် join ပြီး Gold ရှာပါ။

Raid Boss တကောင်ဆီက ဘယ်လောက် ရနိုင်သလဲ?
အကြမ်းဖျင်း Items 5-6 ခုကျပါတယ်ဗျ။ ကိုယ်တယောက်ထဲ ဝင်တာဆိုတော့ ကျသမျှ အကုန်ကိုယ့်ဟာပါပဲ။ တခုကို ပြန်ရောင်းရင် Gold 20-40 ကြားထဲ ရပါတယ်ဗျ။ Raid Boss တကောင်ဆီက Gold 150~200 ကြားထဲ ရနိုင်ပါတယ်။


တနာရီကို ဘယ်လောက် ရသလဲ?
တနာရီကို အကြမ်းဖျင်း Gold 2000~2500 လောက် ရပါတယ်ခင်ဗျ

ဘာတွေ ကြိုတင်ပြင်ဆင်သင့်သလဲ?
၁. အိတ်မဆန့်တာတွေ၊ မှားရောင်းမိတာတွေ မဖြစ်အောင်အိတ်ကို ရှင်းထားပါ။
၂. Items Loot ကို Auto Loot ပြောင်းထားပါ။ ဒါဆို item ကောက်တဲ့အခါ ပိုမြန်ပါတယ်။

Items တွေကို ကောက်ရင် တန်းပြီး အိတ်ထဲ ရောက်သွားအောင် ဘယ်လို လုပ်ရမလဲ?
၁. Game Menu ကို သွားပါ (သို့မဟုတ်) Escape Key ကို နှိပ်ပါ။
၂. Interface ထဲက Controls > Auto Loot ကို အမှန်ခြစ်ပါ။
၃. Loot Key ကို None လို့ ထားပါ။


ဘယ် Class တွေက ပိုကောင်းသလဲ?
AoE Spell မြန်မြန်ပေးနိုင်တဲ့ Class တွေက ကောင်းပါတယ်။ ကျနော်ကတော့ Warrior Class နဲ့ ရှာပါတယ်။ ၂ ချက်လောက် လှည့်လိုက်ရင် creep တွေ အကုန်ရှောသွားလို့ပါ။

Min Thu Aung (Dodozz)

Comments