Mireska Sunbreeze, The Dark Willow.



"ဒီနားမှာ ထားထားတဲ့ မှင်တံ ဘယ်ရောက်သွားပါလိမ့်"

သူမကို အနီးကပ် စာသင်ပေးနေသော ဆရာ၏ ပြောဆိုလိုက်သံ ဖြစ်သည်။ တကယ်တော့ Mireska လို လက်သွက်ခြေသွက်ဗီဇ ရှိသော ကလေးတစ်ယောက်အတွက် ပစ္စည်းတစ်ခု အလစ်သုတ်လိုက်ရသည်မှာ ခက်ခဲမှုလုံးဝ မရှိသော အလုပ်တစ်ခုပင်ဖြစ်သည်။

"သခင်မလေး၊ အဲ့လို မလုပ်နဲ့လေ၊ သခင်ကြီးသိသွားရင် နှစ်ယောက်လုံး ပြဿနာတက်ကုန်မယ်"

Mireska ရဲ့ ဆရာဖြစ်သူက တပည့်ဖြစ်သူ ခြေဆော့လက်ဆော့ရှိမှန်း သိသည့်အတွက်ကြောင့် ချက်ချင်းရိပ်မိသွားသည့်ပုံပင်။

ထိုစဉ် အခန်းတံခါးကို တွန်းဖွင့်ပြီး လူတစ်ယောက် ဝင်လာလေသည်။

"ဝုန်း"


ထိုသူကတော့

Sunbreeze မိသားစု၏ ခေါင်းဆောင်ဖြစ်သူ Mireska ၏ ဖခင် ဖြစ်သည်။

သူသည် Revtel တိုင်းပြည်တစ်ခုလုံးကို အုပ်ချုပ်နေသော "ကုန်သည်ဥသျှောင်" လည်း ဖြစ်သည်။

"Mireska, သမီးကို အဖေ့နေရာ ဆက်ခံဖို့အတွက် ဒီ ကုန်သွယ်ပညာရေးကို သင်ပေးနေတုန်း လိုလိုချင်ချင်နဲ့ သင်ယူဖို့ သတိထပ်ပေးချင်တယ်။ နောက်တစ်ခါ ဒီလိုမျိုး ခိုးဖွက်တဲ့ အသံကြားရင် အခန်းတံခါးပိတ်ပြီး ဒဏ်ခတ်ရလိမ့်မယ်" ဟု ကုန်သည်ဥသျှောင်ကြီးက ဆိုသည်။

Mireska Sunbreeze ဆိုသည့် အမည်နှင့် သူမသည် ငယ်ရွယ်သလောက် မွေးရာပါ အရည်အချင်းရှိသော Fae တစ်ဦးဖြစ်သည်။ Fae ဆိုသည်မှာ အတောင်ပံတစ်စုံ၊ ဦးမှင်တံတို့ဖြင့် လူသားပုံသဏ္ဍန်ရှိသော နတ်သူငယ်လေးများကို ခေါ်ဆိုခြင်းဖြစ်သည်။ Fae တို့၏ မွေးရပ်မြေသည် Fae Realm ဖြစ်ပြီး Mireska တို့ Sunbreeze မိသားစုကတော့ စီးပွားရေးလုပ်ရန်အတွက် Fae Realm ကနေ ထွက်ခွာပြီး လူသားတို့၏ ကမ္ဘာတွင် အခြေချ နေထိုင်နေခဲ့သည်မှာ Mireska မမွေးခင်ကတည်းက ဖြစ်သည်။ ဒါကြောင့် Mireska အနေနဲ့ Fae Realm အကြောင်းကို ကောင်းကောင်း မသိခဲ့ပေ။

Mireska အား ကုန်သည်ကောင်းတစ်ယောက် ဖြစ်စေချင်သော ဖခင်ကြီး မသိသည့် လျှို့ဝှက်ချက် တစ်ခု Mireska တွင်ရှိသည်။ အဆိုပါ လျှို့ဝှက်ချက်ကတော့ ဖခင် ကုန်သည်ဥသျှောင်ကြီး၏ အခန်းထဲတွင် သိမ်းစည်းထားသော Dark magic Scroll တစ်ခုကို Mireska က ခိုးပြီး ပုံတူကူးယူထားသည့် အချက်ပင်ဖြစ်သည်။ တစ်ည Mireska အနား ဘယ်သူမှ မရှိချိန်တွင် အဆိုပါ Scroll ၏ အဓိပါယ်ကို ဖော်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အနီးကပ်ဆရာ၏ ဘာသာရပ်သင်ကြားစာများနှင့် မိမိ၏ မွေးရာပါ အရည်အချင်းတို့ကို ပေါင်းစပ်လိုက်ရာတွင် အဆိုပါ Dark Magic Scroll တွင် ရေးသားထားသော စာသားများ၏ အဓိပါယ်ကို Mireska အနေဖြင့် အလွယ်တကူ ရှာဖွေတွေ့ရှိသွားလေတော့သည်။

"Now you see me"

ဂါထာကို ရွတ်ဆိုလိုက်ချိန်တွင် Mireska ၏ အခန်းသည် အရိပ်များဖွင့် ဖုံးလွှမ်းထားသော ပတ်ဝန်းကျင် တစ်ခု အဖြစ်ပြောင်းလဲ သွားလေတော့သည်။

"ဒါဟာ Fae Realm ပဲ ဖြစ်ရမယ်"

Mireska အလွန်ပျော်ရွှင်သွားသည်။ သူ၏ ဘဝအစစ်အမှန်ကို ရှာဖွေစရာ လမ်းစတစ်ခုကို တွေ့ရှိသွားခြင်းပင် ဖြစ်သည်။ Fae Realm သည် နေရာတိုင်းတွင် ရှိသည်။ လူသားတို့ ကမ္ဘာ၏ မျက်စိရှေ့၌ပင် အရိပ်များ ဖုံးအုပ်ထားသည့် Realm တစ်ခု ဖြစ်ပြီး Fae များသာ ဝင်ထွက်သွားလာနိုင်သည့် အားသာချက်ကို ရှာဖွေတွေ့ရှိသွားခြင်းပင်ဖြစ်သည်။

Mireska သည် နန်းတော်တမျှ ကြီးမားသော စံအိမ်အတွင်းနေထိုင်ရင်း နေ့ဘက်တွင် စာသင်လိုက်၊ ညဘက်တွင် Fae Realm သို့ အလည်သွားလိုက်ဖြင့် ဘဝရဲ့ တံခါးပေါက် အသစ်တစ်ခုကို ရှာဖွေတွေ့ရှိထားသကဲ့သို့ ဖြစ်နေသည်။ တစ်နေ့တွင် Fae Realm အတွင်း သွားလာရင်း "Jex" ဆိုသည့် မိတ်ဆွေ အသစ်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ Jex သည် Wisp ကလေး တစ်ကောင်ဖြစ်ပြီး Fae Realm ၏ အော့ကျောလန် ရာဇဝတ်သား တစ်ဦးလည်းဖြစ်နေသည်။ သို့သော် သူတို့ နှစ်ဦးပေါင်းစပ်မိသွားချိန်တွင် Fae Realm တစ်ခုလုံးကို နှစ်ယောက်သား ဗြောင်းဆန်အောင် မြေလှန်လေတော့သည်။

နောက်ပိုင်းတွင် Mireska သည် Jex ကို လူသားတို့၏ ကမ္ဘာကို ခေါ်ဆောင်ဖို့ ဆုံးဖြတ်လိုက်လေတော့သည်။ Fae Realm ထက် ပို၍ စိတ်ဝင်စားစရာ ကောင်းသော လူ့ကမ္ဘာတွင် နှစ်ယောက်သားအတွက် ပိုပျော်စရာကောင်းမည်ကို စဉ်းစားမိသည့်အတွက်ဖြစ်သည်။

Mireska နှင့် Jex တို့သည် ချိန်းဆိုထားသော ရက်ကို အရောက်တွင် ဖခင် "ကုန်သည်ဥသျှောင်" ၏ နန်းတော်ကနေ အတူ ထွက်ပြေးဖို့ ဆုံးဖြတ်ချက် ချထားသည်။ ဒီတိုင်းထွက်ပြေးမည့် အစား စိတ်လှုပ်ရှားစရာ ကောင်းမယ့် အကြံဆိုးတစ်ခုကို နှစ်ယောက်သား စဉ်းစားမိထားကြသည်။

အဲ့ဒါကတော့ ဒီ နန်းတော်ကြီးကို မီးရှို့ပြီး ပြာချပြီးမှ ထွက်ပြေးမည့် အစီအစဉ်ဖြစ်သည်။

.....................................................

"လုပ်ပါဦး၊ မီး၊ မီး၊ သခင်မလေး အခန်းထဲမှာ မီးလောင်နေပြီ။"

စံအိမ်ကြီးတစ်ခုလုံးရှိ အလုပ်သမားများ ပြာယာခတ်သွားသည်။ Mireska ၏ အခန်းအတွင်းမှာ မီးများ ဟုန်းဟုန်းတောက် လောင်ကျွမ်းနေသည့်အတွက် သခင်မလေးဖြစ်သူ Mireska Sunbreeze အား ကယ်ထုတ်ရန် အခန်းတံခါးကို ရိုက်ဖွင့်ရန် ကြိုးစားကြလေသည်။ သို့သော် တံခါးသည် မပွင့်သွားပေ။

အကြောင်းမှာ အခန်းအတွင်း၌ ခြုံနွယ်ပိတ်ပေါင်းများဖြင့် ပြည့်နှက်နေအောင် လုပ်ထားပြီး အခန်းတံခါးကိုလည်း အဆိုပါ ခြုံနွယ်များဖြင့် ပိတ်ဆို့ထားခြင်းကြောင့်ပင်ဖြစ်သည်။ Fae Realm အတွင်း ကျင်လည်စဉ်တွင် တပ်ကျွမ်းထားသည့် ပညာအသစ်ဖြင့် စံအိမ်တစ်ခုလုံးက အလုပ်သမားများကို အာရုံလွှဲထားရင်း Fae Realm မှ တစ်ဆင့်ဖောက်ဝင်ကာ ဖခင်ကြီး၏ အခန်းရှိရာသို့ Mireska ထွက်လာခဲ့လိုက်သည်။

"The Sunbreeze Birthright"

ဖခင်ကြီး၏ အခန်းအတွင်း၌ အမြတ်တနိုးထားပြီး လုံခြုံရေးသော့တို့ဖြင့် ခတ်သိမ်းထားသော မိသားစု အမွေအနှစ် ရတနာတစ်ခုဖြစ်သည်။ Fae Realm ကို အဝင်အထွက်လုပ်နိုင်ပြီးသည့်အချိန်တွင် ဒီ ရတနာကို ပိတ်သိမ်းထားသည့် သော့သည် Mireska အတွက် ကလေးကစားစရာ တစ်ခုကဲ့သလို အလွန်လွယ်ကူစွာ ဖောက်ထွင်းနိုင်စွမ်းရှိသွားပြီဖြစ်သည်။

Mireska သည် အဆိုပါ "The Sunbreeze Birthright" ကို ရယူပြီးနောက် ဖခင်ကြီး၏ အခန်းကို တစ်ပတ် လှည့်ပတ်ကြည့်ရှူလိုက်လေသည်။

"နေခဲ့တော့ အဖေ၊ ကျွန်မနေချင်တဲ့ ဘဝမှာပဲ ရှင်သန်နေထိုင်တော့မယ်"

ထို့နောက် ဖခင်၏ အခန်းကိုပါ မီးတိုက်ပြီးနောက် Mireska နှင့် Jex တို့ နှစ်ဦးသည့် Fae Realm သို့ တစ်ဆင့်ဝင်ရောက်ကာ စံအိမ်ကြီးအတွင်းကနေ ထာဝရ ထွက်ခွာလာလေတော့သည်။

=•=•=•=•=•=•=•=•=•=•=•=•=•=

Jex နှင့်အတူ Revtel မှ ထွက်ပြေးလာပြီးနောက် Mireska ၏ ဘဝသည် ပိုမို အဓိပါယ်ရှိလာလေတော့သည်။ ရောက်ရာအရပ်၊ ကျရာတိုင်းပြည်တိုင်းမှာ ရှိတဲ့ တန်ဖိုးကြီး ရတနာများအား စိတ်တိုင်းကျ ခိုးယူရင်း ဘဝကို စိတ်တိုင်းကျ ဖြတ်သန်းလျက်ရှိသည်။ သူမ ခိုးယူခဲ့သော ရတနာများ၊ လက်နက်များ၊ အမွေအနှစ်များ၊ စာပေများကိုလည်း အလဟဿ မဖြစ်ရလေအောင် လေ့လာရင်း စိတ်တိုင်းကျ စာပေ အဆုံးအမ အတိုင်းနေထိုင်လျက်ရှိသည်။ အဆိုပါ စာပေများထဲက "Ley Lines" ၏ အဆုံးအမ တစ်ခုသည် Mireska Favourite ဖြစ်သည်။ နေရာတစ်ခုတည်းမှာ ကြာကြာမနေထိုင်ဘဲ အသစ်အသစ်သော ကမ္ဘာကြီးကို ရှာဖွေလေ့လာနေဖို့ ပင်ဖြစ်သည်။

ဒီလိုနဲ့ နေရာ အသစ်တစ်ခုပြီး တစ်ခုရွှေ့ပြောင်း နေထိုင်ရင်း သတိထားလိုက်မိချိန်တွင် Mireska သည် တိုင်းပြည် () ခုတွင် ဆုကြေးငွေထုတ်ပြီး ဖမ်းဆီးပေးရန် Bounty တင်ခံထားရသော ရာဇဝတ်သားတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

Mireska ကတော့ အဆိုပါ Bounty ကို သဘောကျလျက်ရှိသည်။ အကြောင်းမှာ သူမ၏ စွန့်စားခန်းသည် ရတနာများ ခိုးယူရန်သာမက သူမကို ဖမ်းဆီးဖို့ နောက်ကလိုက်လျက်ရှိသော ကြေးစားလူသတ်သမားများထံကပါ လွတ်မြောက်အောင် ရှောင်ပုန်းနေရသည့်အတွက် ပိုမိုစိတ်လှုပ်ရှားစရာကောင်းသည့်အတွက် ဖြစ်သည်။

နောက်ပိုင်းတွင် သူမကို Bounty ထုတ်ထားသူများတွင် သူမ၏ ဖခင်ဖြစ်သူပါ ပါဝင်ကြောင်း သိရှိခဲ့ရသည်။ Mireska အား ဖမ်းဆီးရန်အတွက် "Gondar" ဟု အမည်ရသည့် နာမည်ကျော် "Bounty Hunter" တစ်ဦးကိုလည်း သူမ၏ဖခင်က ငှားရမ်းထားသည့်အပြင် သူမ၏ Fae မှော်ပညာအား အသုံးပြုသည့် ကျော်ဇောရှိန်ဝါကြောင့် "Tyler Estate" ကဲ့သို့ အဖွဲ့အစည်းကပါ သူ့နောက် လိုက်နေကြောင်း သိလိုက်ရသည့်အတွက် Mireska သည် ဒီတိုင်း ဆက်သွားနေရင် အဖမ်းခံရနိုင်မည်ကို ရိပ်မိခဲ့သည်။ ဒါကြောင့် Mireska သည် သူမအား လူသတ်နည်းကို သင်ပေးနိုင်မည့် ပညာသည် တစ်ဦးအား ရှာဖွေရင်း Jesper Circle ဆိုသည့် အသင်းအား တွေ့ရှိခဲ့လေသည်။ Jesper Circle ၏ ခေါင်းဆောင်ဖြစ်သူ Lorlin Larsan သည် ဆိုးသွမ်းသည့် Mireska အား ရက်စက်သော Mireska ဖြစ်အောင် သင်ကြားပေးလိုက်လေတော့သည်။ သို့သော် Mireska သည် Jesper Circle ၏ အဖွဲ့ဝင် အဖြစ် အတည်တကျ မနေဘဲ သူမ၏ ခရီးကို ဆက်ဖို့သာ ဆန္ဒရှိသည့်အတွက်ဖြစ်သည်။

Fae Magic, Assassin Technique တို့ကို တတ်ကျွမ်းထားသော Mireska သည် Tyler Estate ၏ အဖွဲ့ဝင်များဖြစ်သော "Silencer" နှင့် "Magina" တို့နှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် ကြောက်ရွံ့ခြင်း အလျင်းရှိတော့မည် မဟုတ်ပေ။

ကမ္ဘာကြီးတွင် လွတ်လပ်စွာ ခရီးသွားရင်း စိတ်ဆန္ဒရှိသလို နေထိုင်ချင်သည့် Mireska Sunbreeze သည် သူမ၏ အပေါင်းအပါ Jex နှင့်အတူ မဆုံးနိုင်သော ခရီးကို လျှောက်လှမ်းလျက် ရှိလေတော့သည်။

=•=•=•=•=•=•=•=•=•=•=•=•=•=

~ KoBoo


Comments