အချိန်မရှိတဲ့ နေရာ (သို့) ကာဇက်ရင်း (Claszureme)

Image result for faceless void dota 2"

ကျနော်တို့ဟာ အချိန်တခုမှာ မွေးဖွားလာမယ်၊ တချိန်တခုရောက်ရင် သေဆုံးသွားမယ်။ ကျနော်တို့ရဲ့ အချိန်ဟာ ရပ်မနေဘူး၊ ရှေ့ဆက်သွားနေတယ်ဗျ။ Time Travel လို့ခေါ်တဲ့ အတိတ်ကို ခရီးသွားတာတို့၊ အနာဂတ်ကို ခရီးသွားတာတို့ကို ဘယ်သူမှ မလုပ်နိုင်ကြသေးဘူးဗျ။ သိပ္ပံပညာရှင်တွေ လေ့လာနေတုန်းပဲ ရှိပါသေးတယ်။

အချိန်ဆိုတာ မရှိတဲ့ နေရာတခုကို ရောက်သွားရင် ဘာဖြစ်သွားနိုင်သလဲ၊ ကျနော်လဲ မသိဘူး၊ ခင်ဗျားလဲ မသိနိုင်ဘူး။ 


ကာဇက်ရင်း (Claszureme)
ဒီနေရာမှာ အချိန်မရှိဘူးဗျ။ ကာဇက်ရင်း (Claszureme) ဟာ Dota Universe ကြီးထဲမှာ ရှိနေသလား၊ အပြင်မှာလား၊ ဘယ်လိုဆက်နွယ်နေသလဲ ဘယ်သူမှ သေချာ မသိဘူးဗျ။ သေချာတာက ကာဇက်ရင်း (Claszureme) ဆိုတဲ့ အချိန်မရှိတဲ့ နေရာကို ရောက်ဖို့ ကလပ်စ် (Clasz) ဆိုတဲ့ နတ်ဘုရားကို သက်ဝင်ယုံကြည်ဖို့ လိုတယ်ဗျ။ သူ သင်ကြားပေးတဲ့ တရားတွေကို နာကြားပြီး သေချာလိုက်နာဖို့ လိုတယ်ဗျ။ လွယ်တော့ မလွယ်ဘူး။ ကိုယ်ရော စိတ်ပါ နှစ်သက်ယုံကြည်ဖို့ လိုပါတယ်။

အချိန်တခုရောက်တဲ့အခါ ကလပ်စ် (Clasz) နတ်ဘုရားကနေ ကောင်းချီးပေးတဲ့ အသံ ခင်ဗျားကြားရမယ်။ ဒါဆိုရင် အချိန်မရှိတဲ့ နေရာ ကာဇက်ရင်း (Claszureme) ကို ရောက်ဖို့ အခွင့်အရေး ရပါပြီ။ ဒီအခွင့်အရေးကို ရခဲ့တဲ့သူ တယောက် ရှိတယ်ဗျ။ သူက Darkterror လို့ ခေါ်တဲ့ Faceless Void ပါပဲ။

အချိန်ကို လိုသလို သုံးလို့ရတဲ့ နည်းကို သူ သင်ကြားတတ်မြောက်လာခဲ့တယ်။ ဒါ့အပြင် ခရိုးနိုက် (Chronite) ဆိုတဲ့ စိမ်းဖန့်ဖန့် သတ္ထုတမျိုးက ကာဇက်ရင်း (Claszureme) ဒေသမှာ ရှိတယ်ဗျ။ ခရိုးနိုက် (Chronite) နဲ့ လုပ်ထားတဲ့ ချပ်ဝတ်တန်ဆာနဲ့ လက်နက်တွေဟာ အချိန်ကို ရပ်တန့်နိုင်စွမ်းရှိတယ်။ လိုသလို အသုံးချနိုင်စွမ်း ရှိပါတယ်။

Image result for Claszureme Hourglass"

Faceless Void မှာ Claszureme Hourglass ဆိုတဲ့ မီးအိမ် တလုံး ရှိတယ်ဗျ။ ခရိုးနိုက် (Chronite) နဲ့ သွန်းလုပ်ထားတဲ့ အချိန်လက်နက်ပေါ့။ ဒီမီးအိမ်က အချိန်ကို လိုသလို အသုံးချနိုင်စွမ်း ရှိပါတယ်။ တနေ့မှာတော့ Dark Willow က သူ့ဆီက ခိုးသွားပါလေရောဗျာ။

Image result for Claszureme Hourglass"

Dark Willow ကိုင်ထားတဲ့ မီးအိမ်က Faceless Void ရဲ့ အချိန်မီးအိမ် အစစ်ပဲဗျို့

Min Thu Aung (Dodozz)
--------------------------------------------------------------------------------------
[Zawgyi font]
Image result for faceless void dota 2"

က်ေနာ္တို႔ဟာ အခ်ိန္တခုမွာ ေမြးဖြားလာမယ္၊ တခ်ိန္တခုေရာက္ရင္ ေသဆုံးသြားမယ္။ က်ေနာ္တို႔ရဲ့ အခ်ိန္ဟာ ရပ္မေနဘူး၊ ေရွ႕ဆက္သြားေနတယ္ဗ်။ Time Travel လို႔ေခၚတဲ့ အတိတ္ကို ခရီးသြားတာတို႔၊ အနာဂတ္ကို ခရီးသြားတာတို႔ကို ဘယ္သူမွ မလုပ္နိုင္ၾကေသးဘူးဗ်။ သိပၸံပညာရွင္ေတြ ေလ့လာေနတုန္းပဲ ရွိပါေသးတယ္။

အခ်ိန္ဆိုတာ မရွိတဲ့ ေနရာတခုကို ေရာက္သြားရင္ ဘာျဖစ္သြားနိုင္သလဲ၊ က်ေနာ္လဲ မသိဘူး၊ ခင္ဗ်ားလဲ မသိနိုင္ဘူး။

ကာဇက္ရင္း (Claszureme)

ဒီေနရာမွာ အခ်ိန္မရွိဘူးဗ်။ ကာဇက္ရင္း (Claszureme) ဟာ Dota Universe ႀကီးထဲမွာ ရွိေနသလား၊ အျပင္မွာလား၊ ဘယ္လိုဆက္ႏြယ္ေနသလဲ ဘယ္သူမွ ေသခ်ာ မသိဘူးဗ်။ ေသခ်ာတာက ကာဇက္ရင္း (Claszureme) ဆိုတဲ့ အခ်ိန္မရွိတဲ့ ေနရာကို ေရာက္ဖို႔ ကလပ္စ္ (Clasz) ဆိုတဲ့ နတ္ဘုရားကို သက္ဝင္ယုံၾကည္ဖို႔ လိုတယ္ဗ်။ သူ သင္ၾကားေပးတဲ့ တရားေတြကို နာၾကားၿပီး ေသခ်ာလိုက္နာဖို႔ လိုတယ္ဗ်။ လြယ္ေတာ့ မလြယ္ဘူး။ ကိုယ္ေရာ စိတ္ပါ ႏွစ္သက္ယုံၾကည္ဖို႔ လိုပါတယ္။

အခ်ိန္တခုေရာက္တဲ့အခါ ကလပ္စ္ (Clasz) နတ္ဘုရားကေန ေကာင္းခ်ီးေပးတဲ့ အသံ ခင္ဗ်ားၾကားရမယ္။ ဒါဆိုရင္ အခ်ိန္မရွိတဲ့ ေနရာ ကာဇက္ရင္း (Claszureme) ကို ေရာက္ဖို႔ အခြင့္အေရး ရပါၿပီ။ ဒီအခြင့္အေရးကို ရခဲ့တဲ့သူ တေယာက္ ရွိတယ္ဗ်။ သူက Darkterror လို႔ ေခၚတဲ့ Faceless Void ပါပဲ။

အခ်ိန္ကို လိုသလို သုံးလို႔ရတဲ့ နည္းကို သူ သင္ၾကားတတ္ေျမာက္လာခဲ့တယ္။ ဒါ့အျပင္ ခရိုးနိုက္ (Chronite) ဆိုတဲ့ စိမ္းဖန႔္ဖန႔္ သတၳဳတမ်ိဳးက ကာဇက္ရင္း (Claszureme) ေဒသမွာ ရွိတယ္ဗ်။ ခရိုးနိုက္ (Chronite) နဲ႔ လုပ္ထားတဲ့ ခ်ပ္ဝတ္တန္ဆာနဲ႔ လက္နက္ေတြဟာ အခ်ိန္ကို ရပ္တန႔္နိုင္စြမ္းရွိတယ္။ လိုသလို အသုံးခ်နိုင္စြမ္း ရွိပါတယ္။

Image result for Claszureme Hourglass"

Faceless Void မွာ Claszureme Hourglass ဆိုတဲ့ မီးအိမ္ တလုံး ရွိတယ္ဗ်။ ခရိုးနိုက္ (Chronite) နဲ႔ သြန္းလုပ္ထားတဲ့ အခ်ိန္လက္နက္ေပါ့။ ဒီမီးအိမ္က အခ်ိန္ကို လိုသလို အသုံးခ်နိုင္စြမ္း ရွိပါတယ္။ တေန႔မွာေတာ့ Dark Willow က သူ႔ဆီက ခိုးသြားပါေလေရာဗ်ာ။

Image result for Claszureme Hourglass"

Dark Willow ကိုင္ထားတဲ့ မီးအိမ္က Faceless Void ရဲ့ အခ်ိန္မီးအိမ္ အစစ္ပဲဗ်ိဳ႕

Min Thu Aung (Dodozz)

Comments